မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အမျိုးသမီးဘောလုံးအကယ်ဒမီ (Women's Academy) အတွက် မျိုးဆက်သစ် အမျိုးသမီးဘောလုံးကစားသမား ၅၃ ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အပြီးသတ်ရွေးချယ်လိုက်ကြောင်း သိရသည်။ အဆိုပါအကယ်ဒမီအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသက် ၁၃ နှစ်အောက်နှင့် ၁၅ နှစ်အောက် အမျိုးသမီးငယ်များကို အဆင့်ဆင့်စိစစ်ကာ ရန်ကုန်နှင့် မန္တလေးဇုန်တို့တွင် လက်တွေ့စစ်ဆေး၍ အပြီးသတ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ ယူ-၁၂ နှင့် ယူ-၁၃ အဆင့်အတွက် ၂၅ ဦး၊ ယူ-၁၄ နှင့် ယူ-၁၅ အဆင့်အတွက် ၂၈ ဦး ပါဝင်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့အမျိုးသမီးဘောလုံးလောက တိုးတက်လာစေရန်နှင့် မျိုးဆက်သစ်ကစားသမားကောင်းများကို စနစ်တကျမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဤအကယ်ဒမီကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
May 23 • 8:46 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 22 | 0 | 0 | 0 |


