back

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှ မြန်မာအသင်း နှုတ်ဆက်ခဲ့ရသော်လည်း ငွေတစ်ခု၊ ကြေးတစ်ခုဖြင့် ဂုဏ်ယူစွာ အဆုံးသတ်နိုင်ခဲ့

May 23 • 8:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှ မြန်မာအသင်း နှုတ်ဆက်ခဲ့ရသော်လည်း ငွေတစ်ခု၊ ကြေးတစ်ခုဖြင့် ဂုဏ်ယူစွာ အဆုံးသတ်နိုင်ခဲ့

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ISTAF ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အသင်းလိုက်(၃)ယောက်တွဲ (Regu Event) ကွာတားဖိုင်နယ်ပွဲစဉ်၌ မြန်မာ...

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ISTAF ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အသင်းလိုက်(၃)ယောက်တွဲ (Regu Event) ကွာတားဖိုင်နယ်ပွဲစဉ်၌ မြန်မာ့လက်ရွေးစင်အသင်းသည် တောင်ကိုရီးယားအသင်းကို(၂)ပွဲ (၁)ပွဲ ရလဒ်နှင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ နှုတ်ဆက်ခဲ့ရပြီဖြစ်သည်။သို့ကဲ့သို့ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှ မြန်မာအသင်း နှုတ်ဆက်ခဲ့ရသော်လည်း ငွေတစ်ခု၊ ကြေးတစ်ခုဖြင့် ဂုဏ်ယူစွာ အဆုံးသတ်နိုင်ခဲ့သည်။ကိုရီးယားအသင်းနှင့် ပွဲစဉ်တွင်  မြန်မာကစားသမားအချို့ ခြေစွမ်းပိုင်းရုန်းကန်ခဲ့ရတာကြောင့် အခွင့်အရေးလက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး အနိုင်ရရှိသွားသည့် တောင်ကိုရီးယားအသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။မြန်မာအသင်းအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကစားနည်း(၃)မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား(၃)ယောက်တွဲ (Regu)၌ ငွေတံဆိပ်တစ်ခုနှင့် အမျိုးသား(၄)ယောက်တွဲ (Quadrant)တွင် ပူးတွဲကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

32