ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် မေလ ၂၁ ရက်နှင့် ၂၂ ရက်တို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ဒေသခံတောင်သူများ အရင်းအနှီးအမြောက်အမြား စိုက်ထုတ်ထားသည့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် အာလူးစိုက်ခင်း ဧက ၁၀၀ ကျော် ရေနှင့်အတူ မျောပါပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ တောင်ကျရေဝင်ရောက်မှုကြောင့် စိုက်ခင်းအချို့တွင် မြေသားပြိုကျမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများပါ ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အတိအကျ မသိရသေးသော်လည်း တောင်သူများအနေဖြင့် အရင်းအနှီးဆုံးရှုံးမှု ကြီးမားကာ ပြန်လည်စိုက်ပျိုးရန်အတွက် ကြီးမားသော အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
May 23 • 8:57 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 23 | 0 | 0 | 0 |


