back

တရုတ်နိုင်ငံ ရှန်းစီပြည်နယ်ရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၈ ဦး သေဆုံးပြီး ၃၈ ဦး ပိတ်မိနေ

May 23 • 8:30 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ရှန်းစီပြည်နယ်ရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၈ ဦး သေဆုံးပြီး ၃၈ ဦး ပိတ်မိနေ

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းစီပြည်နယ်၊ ကျင်းဟွန်ဒေသရှိ လွီရွှမ်းယု ကျောက်မီးသွေးမိုင်းတွင်း၌ မေလ ၂၂ ရက် ညနေပိုင်းက ကာဗွန်မိုနိုအောက်ဆိုက်ဓာတ်ငွေ့ ပေါက်ကွဲမှုဖ...

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းစီပြည်နယ်၊ ကျင်းဟွန်ဒေသရှိ လွီရွှမ်းယု ကျောက်မီးသွေးမိုင်းတွင်း၌ မေလ ၂၂ ရက် ညနေပိုင်းက ကာဗွန်မိုနိုအောက်ဆိုက်ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၃၈ ဦး မြေအောက်တွင် ဆက်လက်ပိတ်မိနေကြောင်း သိရသည်။ မေလ ၂၃ ရက် နံနက်ပိုင်းအထိ မိုင်းတွင်းထဲမှ လူ ၂၀၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကာ ပိတ်မိနေသူအချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိနေသဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ်တို့က အင်အားအကုန်သုံး ရှာဖွေကယ်ဆယ်ရန်နှင့် ဥပဒေနှင့်အညီ တင်းကြပ်စွာ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။ တရုတ်နိုင်ငံတွင် လုပ်ငန်းခွင်စည်းကမ်းထိန်းသိမ်းမှုများ ရှိလာသော်လည်း ဥပဒေစိုးမိုးမှုလျော့ရဲခြင်းနှင့် အကျင့်ပျက်ခြစားမှုများကြောင့် မိုင်းတွင်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

news-view-count-icon

10