back

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန် လောင်းကစားဝိုင်း စီးနင်းမှုတွင် ၆၃ ဦး ဖမ်းဆီးရမိပြီး တစ်ရက်လျှင် ဘတ် ၄၃ သန်းကျော် လည်ပတ်နေကြောင်း စုံစမ်းသိရှိရ

May 23 • 8:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန် လောင်းကစားဝိုင်း စီးနင်းမှုတွင် ၆၃ ဦး ဖမ်းဆီးရမိပြီး တစ်ရက်လျှင် ဘတ် ၄၃ သန်းကျော် လည်ပတ်နေကြောင်း စုံစမ်းသိရှိရ

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ခရိုင်ရှိ ဟိုတယ်တစ်ခု၏ ခေါင်မိုးထပ်တွင် တရားမဝင် ဖွင့်လှစ်ထားသော ဟိုင်းလိုနှင့် အံစာတုံး လောင်းကစားဝိုင်းတစ်ခုကို မေလ ၂၁ ရက်နေ့က အာဏာပ...

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ခရိုင်ရှိ ဟိုတယ်တစ်ခု၏ ခေါင်မိုးထပ်တွင် တရားမဝင် ဖွင့်လှစ်ထားသော ဟိုင်းလိုနှင့် အံစာတုံး လောင်းကစားဝိုင်းတစ်ခုကို မေလ ၂၁ ရက်နေ့က အာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ရာ လောင်းကစားသမား ၆၃ ဦးနှင့်အတူ ဘတ် ၉ သိန်းကျော် တန်ဖိုးရှိ ငွေသား၊ ဘတ် ၆ သန်းကျော်တန်ဖိုးရှိ တိုကင်ပြားများနှင့် ပစ္စတိုသေနတ် တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ "အော်ပရေးရှင်း ပတ်နမ် ရှတ်ဒေါင်း" စီးနင်းမှုအတွင်း သိမ်းဆည်းရမိသည့် မှတ်တမ်းများအရ ယင်းလောင်းကစားဒိုင်၌ တစ်ရက်လျှင် ငွေကြေးလည်ပတ်မှု ဘတ် ၄၃ သန်းကျော် ရှိနေကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

news-view-count-icon

14