ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းစဉ် တရုတ်နိုင်ငံသား ၅၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး (စုစုပေါင်း ၆၄ ဦး) ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးမိခဲ့ကြောင်း မေလ ၂၃ ရက်တွင် ထွက်ပေါ်လာသည်ကို သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၂၁ ရက်က မိုင်းခတ်မြို့နယ်ရှိ ကျေးရွာအချို့၌ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှ ၎င်းတို့အား Star Link စက်များ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါမိုင်းခတ်မြို့နယ်၌ပင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ဖူးပြီး၊ လက်ရှိတွင် နယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းရာဇဝတ်မှုများကို တရုတ်နိုင်ငံနှင့်ပူးပေါင်းကာ ဆက်တိုက်ဖော်ထုတ်နှိမ်နင်းလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းခတ်တွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ တရုတ် ၅၁ ဦးနှင့် မြန်မာ ၁၃ ဦး ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ
May 23 • 8:33 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


