back

သီပေါ သီတဂူစက္ခုဒါန ဆေးရုံ ၅၆ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၀၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့

May 23 • 4:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သီပေါ သီတဂူစက္ခုဒါန ဆေးရုံ ၅၆ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၀၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၆ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်မှ ၂၂ ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း အနယ်နယ်အရပ်ရပ်မှ ကု...

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၆ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်မှ ၂၂ ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူများအရ အစီအစဉ်ကို တစ်ရက်စော၍ မေလ ၁၇ ရက်နေ့မှစတင် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရှိရသည် ။

အခုအကြိမ်မှာလည်း အစီအစဉ်ကို ကြိုတင်ကြေငြာထားတာထက် တစ်ရက်စောပြီး ကုသပေးခဲ့ရတယ် ။ လာကြကတာက ကျောက်မဲဖက် အခြမ်းများပါတယ် လားရှိုးဖက်ခြမ်းကျတော့ သီပေါတံတားကပိတ်ထားတာ ။ မျက်စိကုဖို့ဆို ပေးတော့လာတယ် ။ ဒါပေမဲ့ မြစ်ကိုစက်လှေနဲ့ဖြတ်လာရတာများတယ် ။ သီန္နီကတချို့လည်း လာပါတယ် ။ လာကုရတဲ့သူတွေ ခက်ခဲကြသလို ခက်ခက်ခဲခဲလုပ်ရတာပါ ။ အားလုံးအတွက် အဆင်ပြေရင် ကျေနပ်ပါတယ် " ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။


news-view-count-icon

48