မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ - NATO ၏ ခေါင်းဆောင်ပိုင်းတာဝန်များကို ရယူရန် ဘာလင်က အသင့်ရှိကြောင်း ဆွီဒင်နိုင်ငံ ဟယ်လ်ဆင်ဘော့ဆိပ်ကမ်းမြို့တွင် ပြုလုပ်မည့် နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူးလ်က ပြောကြားသည်။နိုင်ငံ၏စုစုပေါင်း ဂျီပီဒီ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲသွားရေးပစ်မှတ်ကို အမြန်ဆုံးပြည့်မီပြီး ကာကွယ်ရေးစွမ်းပကားများကို အမြန်ဆုံး တောင့်တင့်ခိုင်မာလာစေရေးကို ဂျာမနီက အလိုရှိကြောင်းလည်း ၎င်းက ပြောသည်။နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုသွားကြရန် နှင့် နောက်ထပ် ၁ ဒသမ ၅ ရာခိုင်နှုန်းကို အခြေခံအဆောက်အအုံများ ထူထောင်ရေးကဲ့သို့ ကာကွယ်ရေးနှင့် ဆက်စပ်သော နေရာများတွင် သုံးစွဲသွားကြရေးကို ၂၀၂၅ နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးတွင် စစ်ရေးမဟာမိတ်အဖွဲ့က သဘောတူခဲ့ကြကြောင်း သိရသည်။



