back

တရုတ်မှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲပြီး ၈ ဦးသေ၊ ၄၀ နီးပါး မြေအောက်မှာ ပိတ်မိနေ

May 23 • 4:09 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်မှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲပြီး ၈ ဦးသေ၊ ၄၀ နီးပါး မြေအောက်မှာ ပိတ်မိနေ

တရုတ်မှာ ကျောက်မီးသွေး မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပွားရာက အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး မြေအောက်မှာ ၄၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။မေလ ၂၂ ရက်နေ့ ညပိုင်းတ...

တရုတ်မှာ ကျောက်မီးသွေး မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပွားရာက အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး မြေအောက်မှာ ၄၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။မေလ ၂၂ ရက်နေ့ ညပိုင်းတုန်းက ရှန်စီးပြည်နယ်မှာရှိတဲ့ လျိုရှန်းယု ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွားချိန်က မြေအောက်မှာ မိုင်းလုပ်သား ၂၄၇ ဦးထိ ရောက်ရှိနေခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့နောက် အများအပြားကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် ၈ ဦး သေဆုံးစာရင်း ရထားပြီး ပိတ်မိကျန်နေသူ ၃၈ ဦး ရှိနေဆဲလို့ မေလ ၂၃ ရက် မနက်ပိုင်းမှာ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရေးအတွက် အစွမ်းရှိသမျှ ပုံအော ကြိုးစားပေးကြဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကို သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားထားတယ်လို့ အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ဒေသအသီးသီးက အာဏာပိုင်တွေ အနေနဲ့ အခုမတော်တဆမှုကို သင်ခန်းစာယူပြီး အနာဂတ်မှာ အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် တားဆီးနိုင်အောင် အစီအမံတွေ ရေးဆွဲဖို့ပါ ရှီက အလေးပေး ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။သတ္တုတွင်းထဲမှာ ဓာတ်ငွေ့အိုး တစ်လုံးကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။ ရှင်ဟွာရဲ့ အစောပိုင်း သတင်းထဲမှာတော့ သတ္တုတွင်းထဲမှာ အရောင်အဆင်း မရှိတဲ့ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့ ပမာဏဟာ အန္တရာယ်ရှိတဲ့ အဆင့်ထိ မြင့်တက်နေတယ်လို့ ပါရှိခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့မှာလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲပါ။မြေအောက်မှာ ပိတ်မိပြီး ကျန်နေသူတွေထဲမှာ အခြေအနေ စိုးရိမ်ရတဲ့သူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။တရုတ်ရဲ့ သတ္တုနဲ့ ကျောက်မီးသွေး မိုင်းတွင်းတွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လုံခြုံရေး စံနှုန်းတွေ သိသိသာသာ တိုးတက်လာပေမယ့် ဆိုးရွားတဲ့ မတော်တဆမှုတွေကတော့ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ ရှန်စီးဟာ တရုတ်ရဲ့ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်ပါတယ်။တရုတ်ဟာ ကမ္ဘာပေါ်မှာ ကျောက်မီးသွေး သုံးစွဲမှု အများဆုံးနဲ့ လေထုကို ပူနွေးစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တစ်ဖက်မှာတော့ တရုတ် အစိုးရဟာ ပြန်ပြည့်မြဲနဲ့ သန့်စင်စွမ်းအင် သုံးစွဲမှုတွေတွေကို တိုးမြှင့်နိုင်ဖို့ စီမံကိန်းတွေ ချမှတ်ပြီး အရှိန်အဟုန်နဲ့ ကြိုးစားနေပါတယ်။




news-view-count-icon

21