back

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီ

May 22 • 9:12 AM

breaking-news

မြန်မာ

နေပြည်တော်

cover

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီ

တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် ပြင်ဆင်ဆောက်ရွက်လျက်ရှိသည်။ထိုသို့ဆောင်ရွက်ထာ...

တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် ပြင်ဆင်ဆောက်ရွက်လျက်ရှိသည်။ထိုသို့ဆောင်ရွက်ထားမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန် ဦးကံမြင့်သန်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့‌ကြောင်း သိရသည်။ယင်းကဲ့သို့ စစ်ဆေးရာ၌ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရိပ်သာ၌ နေရာချထားမည့် အဆောင်(၃)ခု၏ အိပ်ဆောင်များ၊ ဧည့်တွေ့ဆောင်များ၊ နားနေဆောင်များ၊ ကျန်းမာရေးစောင့် ရှောက်မှုဆေးပေးခန်း၊ စားရိပ်သာအဆောင်များတွင် ချက်ပြုတ် စားသောက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရေ၊ လျှပ်စစ်မီးရရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

news-view-count-icon

18