စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါရှာဖွေခြင်းနှင့် အခမဲ့ ကာကွယ်ကုသပေးခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ဘယ်သူတွေ လာရောက်စစ်ဆေးနိုင်မလဲ အဆိုပါ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွင် အသက် (၃၅) နှစ်မှ (၄၉) နှစ်ကြားရှိ အမျိုးသမီးများအားလုံး လာရောက်ပြသ စစ်ဆေးနိုင်မည်ဖြစ်သည်။ဆေးရုံကြီးတွင် လာရောက်စစ်ဆေးမှုများ ပြုလုပ်စဉ် သားအိမ်ခေါင်းကင်ဆာမဖြစ်မီ ကြိုတင်လက္ခဏာများ (Pre-cancerous lesions) ရှာဖွေတွေ့ရှိပါက (ခွဲစိတ်ကုသမှု ခံယူရန် မလိုသေးသည့်အဆင့်တွင်) ရောဂါအမြစ်ပြတ် ချက်ချင်းပျောက်ကင်းအောင် ကုသမှုများကိုပါ တစ်ပါတည်း အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် အသက် (၃၅) နှစ်မှ (၄၉) နှစ်ကြား အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ အခမဲ့ စစ်ဆေးကုသပေးနေ
May 22 • 8:08 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


