တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဗျောတောဝရပ်ကွက်ရှိ သစ်တောရုံးလမ်းနှင့် မြို့ရှောင်လမ်းထောင့်တွင် မေလ ၂၂ ရက် ယနေ့နံနက် ၈ နာရီ ၀၄ မိနစ်အချိန်ခန့်က Probox မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ နေရာသို့ ချက်ချင်းသွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင် ပါရှိလာသည့် အမျိုးသားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသားကလေးငယ်တစ်ဦးမှာမူ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ၎င်းတို့အား ဇဗ္ဗူသီရိလူမှုကူညီရေးအသင်းယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တွင် Probox ယာဉ်နှင့် ဆိုင်ကယ် တိုက်မိပြီး ကလေးငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိ
May 22 • 8:05 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 13 | 0 | 0 | 0 |


