မိုးဦးကျလာပြီဖြစ်သည့်အတွက် ရန်ကုန်ရှိ အုန်း၊ငှက်ပျောဈေးကွက်မှာ အရောင်းအဝယ်အေးနေကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။ စျေးကွက်အတွင်းသို့ အုန်း၊ ငှက်ပျောများ ပုံမှန်အတိုင်း ဝင်ရောက်လျက်ရှိသော်လည်း ဝယ်သူနည်းပါးသွားခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။ " ဒီရက်ပိုင်းကအရောင်းအဝယ်အေးတယ်။ ပြီးခဲ့တဲ့လတွေတုန်းကရောင်းရတယ်။နောက်တစ်ခုက စျေးမြင့်လာလို့လည်းပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေတတ်လာလို့ စျေးကဒီရောက်တော့ တတ်သွားတာ။ အရောင်းအဝယ်ကတော့တော်တော်ပါးသွားတယ်" ဟု အုန်း၊ငှက်ပျော ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောသည်။ ထို့ပြင် တန်ဆာခများမြင့်တက်လာခြင်းကြောင့် အုန်း၊ငှက်ပျောစျေးနှုန်းသည် ယခင်ထက် စျေးအနည်းငယ်မြင့်တက်လာကြောင်းလည်း သိရသည်။ ပုံမှန်အားဖြင့် သီတင်းကျွတ်၊ နတ်တော်၊ပြာသို၊ တပေါင်းလတွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။



