မွန်ပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် မေလ ၂၀ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဝန်ကြီးသည် မုပွန်နတ်ကျွန်းရပ်ရှိ အမှတ် (၄) အရက်ချက်စက်ရုံ (Shwe Mawlamyine Beverage Enterprise Co., Ltd. နှင့် ပူးပေါင်းလုပ်ဆောင်နေမှု) နှင့် မုပွန်ရပ်ရှိ ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန စက်ရုံ (Chords & Chain Myanmar Co., Ltd. နှင့် ပူးပေါင်းလုပ်ဆောင်နေမှု) တို့သို့ သွားရောက်ကာ လက်ရှိစက်ရုံလည်ပတ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များကို လိုအပ်သလို ကူညီပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီး ဦးဇေယျာဦး မော်လမြိုင်မြို့ရှိ စက်ရုံများနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး
May 22 • 7:59 AM
မြန်မာ
မွန်
မျှဝေမည်
| 14 | 0 | 0 | 0 |


