မကြာမီကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်ပြီး ကျောင်းဖွင့်ချိန်မှာ မိဘအုပ်ထိန်းသူတွေ၊ ဆရာ၊ဆရာမတွေလိုက်နာရမယ့်အချက်တွေကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ကျောင်းနေကလေးများမူးယစ်ဆေး၊အရက်၊ဘီယာ၊E-စီးကရက်(Vape) ဆေးလိပ်မသုံးစွဲအောင်၊ဂိမ်းမကစားအောင်၊ဂိမ်းမစွဲအောင်မိဘတွေက ဆရာ၊ဆရာမတွေနဲ့အတူ ထိန်းကျောင်းရမယ်လို့ဖော်ပြထားပါတယ်။ကျောင်းဆရာ၊ဆရာမတွေကိုတော့ ငွေကြေး၊လက်ဆောင်မယူဖို့နဲ့ ကျောင်းထွက်သူမရှိစေရေး၊ နှာစေးချောင်းဆိုးလျှင်နီးစပ်ရာကျန်းမာရေးဆေးခန်းနဲ့ဆေးရုံကိုသတင်းပို့ရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ပေးရန်နဲ့ကိုဗစ်ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံ့ပြီးစီးအောင် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ဖို့တွေကို တိုက်တွန်းထားပါတယ်။



