back

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းနှင့် ဒါးကကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

May 22 • 7:54 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းနှင့် ဒါးကကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းနှင့် ဒါးကအကြား မိုင်တိုင်အမှတ် (၈၂/၅) နှင့် (၈၂/၆) ကြားတွင် မေလ ၂၂ ရက် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု...

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းနှင့် ဒါးကအကြား မိုင်တိုင်အမှတ် (၈၂/၅) နှင့် (၈၂/၆) ကြားတွင် မေလ ၂၂ ရက် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ဒါးကနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ ကျောင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက နေရာသို့ ချက်ချင်းသွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး (စုစုပေါင်း ၄ ဦး) မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ၎င်းတို့အား သစ္စာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပုသိမ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

22