ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနသည် သားအိမ်ခေါင်းကင်ဆာနှင့် အခြားပြင်းထန်သော ရောဂါများကို ကာကွယ်ရန်အတွက် ဟျူးမန်းပါပီလိုမာဗိုင်းရပ်စ် (HPV) ကာကွယ်ဆေးကို နိုင်ငံ၏ မဖြစ်မနေထိုးရမည့် အမျိုးသားကာကွယ်ဆေးပရိုဂရမ် (Expanded Immunization Program) ထဲသို့ လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တရားဝင်ထည့်သွင်းတော့မည်ဖြစ်ကြောင်း ညွှန်ကြားချက်အမှတ် ၁၃ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုပြင်ဆင်ချက်အရ ဗီယက်နမ်နိုင်ငံ၏ မဖြစ်မနေထိုးနှံရမည့် ရောဂါကာကွယ်ဆေးစာရင်းတွင် အသည်းရောင်အသားဝါ (ဘီ)၊ တီဘီ၊ ဝက်သက်၊ ဂျပန်ဦးနှောက်ရောင်နှင့် Rotavirus ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် စုစုပေါင်း ရောဂါအုပ်စု ၁၄ မျိုးအထိ ရှိလာမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အရ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်များကို HPV ကာကွယ်ဆေး အခမဲ့ စတင်ထိုးနှံပေးသွားရန် မျှော်မှန်းထားပြီး၊ ထိုးနှံရမည့် သတ်မှတ်အသက်အရွယ်၊ ဆေးအကြိမ်ရေနှင့် ဖြန့်ကြက်မည့်အစီအစဉ် အသေးစိတ်ကို မကြာမီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၌ ဇူလိုင် ၁ ရက်မှစတင်ကာ HPV ကာကွယ်ဆေးကို မဖြစ်မနေထိုးရမည့် အမျိုးသားကာကွယ်ဆေးစီမံချက်တွင် ထည့်သွင်းမည်
May 22 • 2:53 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


