မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာရှိ ဖုန်းတာဝါတိုင်မီးစက် သွားရောက်ပြုပြင်ပြီးနောက် ပျောက်ဆုံးနေသည့် အသက် ၃၃ နှစ်အရွယ် ကိုမိုးမင်းသန့် (MPT ဖုန်းတာဝါတိုင် စက်ပြင်) နှင့် အသက် ၂၉ နှစ်အရွယ် ကိုမိုးမြင့်ထက် (တာဝါတိုင်အထက်ပိုင်း စက်ပြင်) တို့နှစ်ဦး၏ ရုပ်အလောင်းများကို သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်း ကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျက် သေနတ်ဒဏ်ရာများဖြင့် ရှာဖွေတွေ့ရှိခဲ့ရသည်။၎င်းတို့နှစ်ဦးသည် မေလ ၁၉ ရက် မွန်းတည့်ပိုင်းကတည်းက မော်တော်ယာဉ်တစ်စီးဖြင့် သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး၊ မေလ ၂၀ ရက် နံနက်ပိုင်းတွင် လမ်းဘေး၌ သေနတ်ဒဏ်ရာအသီးသီးဖြင့် သေဆုံးနေသည့်၎င်းတို့၏ ရုပ်အလောင်းများကိုသာ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့ ယာဉ်မောင်းနှင်သွားသည့် မော်တော်ယာဉ်မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သံဖြူဇရပ်မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် MPTဖုန်းတာဝါတိုင်ပြုပြင်သူ အမျိုးသားနှစ်ဦး လက်ပြန်ကြိုးတုပ် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ
May 22 • 2:52 AM
မြန်မာ
မွန်
မျှဝေမည်
| 22 | 0 | 0 | 0 |


