back

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဧည်သည် ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

May 22 • 1:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဧည်သည် ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ပတ္တရားရှိ ဟိုတယ်တစ်ခု၏ ခေါင်းမိုးထပ်တွင် ၂၀၂၆ ခုနှစ် မေလ ၂၁ ရက် ည ၉ နာရီဝန်းကျင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။ မီးမှာ ဟိုတယ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ပတ္တရားရှိ ဟိုတယ်တစ်ခု၏ ခေါင်းမိုးထပ်တွင် ၂၀၂၆ ခုနှစ် မေလ ၂၁ ရက် ည ၉ နာရီဝန်းကျင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။ မီးမှာ ဟိုတယ်ဧည့်သည်နားနေခန်းများဆီသို့ပါ ကူးစက်ပျံ့နှံ့ခဲ့ပြီး အဆောက်အအုံအတွင်း လူအများအပြား ပိတ်မိနေခဲ့သဖြင့် မီးသတ်သမားများက အလျင်အမြန် သွားရောက်ကယ်ဆယ်ခဲ့ရသည်။ည ၁၀ နာရီဝန်းကျင်တွင် ဟိုတယ်အတွင်းရှိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း လူအချို့မှာ မီးခိုးမွှန်သည့်ဒဏ်ကို ခံစားခဲ့ရသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များ၏ အဆက်မပြတ် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီ ၄၅ မိနစ်တွင် မီးကို လုံးဝထိန်းချုပ်နိုင်ခဲ့သည်။

ယခုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားရကာ၊ ကနဦးစစ်ဆေးချက်များအရ လျှပ်စစ်ရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19