back

မြန်မာနိုင်ငံတစ်ဝန်း နေ့စဉ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ယူနစ် ၇၀ သန်းအထိ တိုးမြှင့်ပေးနိုင်လာ

May 22 • 1:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတစ်ဝန်း နေ့စဉ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ယူနစ် ၇၀ သန်းအထိ တိုးမြှင့်ပေးနိုင်လာ

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်များသို့ နေ့စဉ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုပမာဏကို ယခင် ၅၉ ဒသမ ၄ သန်းမှ လက်ရှိတွင် ယူနစ် သန်း ၇၀ အထိ အဆင့်ဆင့် တိုးမြှင...

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်များသို့ နေ့စဉ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုပမာဏကို ယခင် ၅၉ ဒသမ ၄ သန်းမှ လက်ရှိတွင် ယူနစ် သန်း ၇၀ အထိ အဆင့်ဆင့် တိုးမြှင့်ဆောင်ရွက်ပေးထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ တိုးမြှင့်ထုတ်လုပ်မှုကို စွမ်းအင်အရင်းအမြစ်မျိုးစုံကို စိစစ်အသုံးပြုကာ ဧပြီ ၂၂ ရက်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အမြင့်ဆုံးဖြစ်သည့် ဧပြီနှင့် မေလများအတွင်း ယမန်နှစ်ကာလတူထက် ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လျှပ်စစ်မီးကိစ္စနှင့်ပတ်သက်၍ နစ်နာမှုများရှိပါက Call Center များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

52