တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဆာဘီးယားနိုင်ငံ သမ္မတ အလက်ဇန်းဒါး ဗူဆစ်သည် လာမည့် မေ ၂၄ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်သည်။ ယင်းခရီးစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂၀ ရက်တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်းကလည်း ဆာဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။



