back

မန္တလေးတိုင်း၊ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့တွင် မေ ၂၃ နှင့် ၂၄ ရက်တို့၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်

May 22 • 1:42 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့တွင် မေ ၂၃ နှင့် ၂၄ ရက်တို့၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားလိုင်းများ ပြုပြင်ထိန်း...

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လာမည့် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ လျှပ်စစ်ဓာတ်အား ယာယီပိတ်ထားမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ဓာတ်အားပြတ်တောက်မည့် နေ့ရက်နှင့် နေရာများမှာ မေ ၂၃ ရက်တွင် အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုရွှေကျင်ရပ်ကွက်နှင့် ဘုန်းတော်တိုးရပ်ကွက် နေရာတချို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟေမာမာလာ တောင်/မြောက်၊ ချမ်းမြသာစည်(မြောက်)၊ မဟာမြိုင် (၁/၂)၊ မဟာအောင်မြေ (အရှေ့/အနောက်)၊ ရွှေဘုန်းရှိန်ရပ်ကွက်များ၊ ရတနာပုံခန်းမ၊ မင်္ဂလာဆေးရုံနှင့် ၃၈ လမ်း စစ်မှုထမ်းဟောင်းအိမ်ရာတို့ ဖြစ်သည်။ မေ ၂၄ ရက်တွင်မူ အမရပူရမြို့နယ်အတွင်းရှိ အမှတ်(၂) ယန္တရားအင်ဂျင်နီယာတပ်ရင်းနှင့် မန္တလာတက္ကသိုလ်တို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

91