စင်ကာပူနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိစေရေး (Net-zero) ရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် အဆင့်မြင့် နျူကလီးယားစွမ်းအင် နည်းပညာများကို အသုံးပြုနိုင်ခြေ ရှိ၊ မရှိ လေ့လာဆန်းစစ်လျက်ရှိပြီး၊ လာမည့် ၂၀၂၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အက်တမ်မစ်စွမ်းအင် အေဂျင်စီ (IAEA) ထံမှ ပေါင်းစပ်နျူကလီးယား အခြေခံအဆောက်အအုံ ပြန်လည်သုံးသပ်ချက် (INIR) ကို ရယူရန် ပြင်ဆင်နေသည်။ အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင် အသုံးပြုရန် အတည်ပြု ဆုံးတ်ချက် မချရသေးသော်လည်း၊ ဘေးကင်းစိတ်ချရမှု ပိုမိုမြင့်မားသည့် အသေးစား မော်ဂျူလာ ရီအက်တာ (SMRs) ကဲ့သို့သော နည်းပညာသစ်များ၏ အလားအလာကို လေ့လာနိုင်ရန် စွမ်းအင်စျေးကွက် အာဏာပိုင်အဖွဲ့ (EMA) က ဦးဆောင်၍ ကြိုတင်ဆန်းစစ်မှုများနှင့် လူသားအရင်းအမြစ် ပျိုးထောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
စင်ကာပူနိုင်ငံသည် အဆင့်မြင့် နျူကလီးယားစွမ်းအင် အသုံးပြုနိုင်ခြေ ရှိ၊ မရှိ ဆန်းစစ်ရန် လာမည့်နှစ်တွင် IAEA ၏ ပြန်လည်သုံးသပ်မှုကို ခံယူမည်
May 22 • 1:39 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


