back

စီရော်နယ်ဒို ဦးဆောင်သည့် အယ်လ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆုဖလား ပထမဆုံးအကြိမ် ဆွတ်ခူး

May 22 • 1:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

စီရော်နယ်ဒို ဦးဆောင်သည့် အယ်လ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆုဖလား ပထမဆုံးအကြိမ် ဆွတ်ခူး

ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒို၏ အယ်လ်နာဆာအသင်းသည် ဆော်ဒီပရိုလိဂ် ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် ဒါမက်ခ်အသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၁၉ ခုနှစ်နောက်ပိုင်း...

ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒို၏ အယ်လ်နာဆာအသင်းသည် ဆော်ဒီပရိုလိဂ် ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် ဒါမက်ခ်အသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။ ယခုနိုင်ပွဲကြောင့် ရော်နယ်ဒိုအနေဖြင့် ဆော်ဒီအာရေဗျသို့ ရောက်ရှိလာပြီးနောက် ၃ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။အဆုံးအဖြတ်ပွဲစဉ်တွင် ရော်နယ်ဒိုက ၂ ဂိုး သွင်းယူခဲ့ပြီး အသင်းဖော်များဖြစ်ကြသည့် ဆာဒီယိုမာနေးနှင့် ကင်းစလေကိုးမန်းတို့ကလည်း ဂိုးများ အသီးသီး သွင်းယူပေးခဲ့ကြသည်။ အယ်လ်နာဆာအသင်းသည် ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းထက် ရမှတ် ၂ မှတ်အသာဖြင့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော စီရော်နယ်ဒိုသည် ယခုရာသီ ဆော်ဒီပရိုလိဂ် ပွဲစဉ် ၃၀ တွင် ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကလပ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်၌ ၁၂၉ ဂိုးအထိ သွင်းယူပေးထားကာ၊ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းသွင်းဂိုး ၉၇၃ ဂိုး ရှိလာပြီဖြစ်သဖြင့် ဂိုးပေါင်း ၁,၀၀၀ ပြည့်ရန် ရည်မှန်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

29