မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝင်ခွင့်လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်သည်။ အဆိုပါကျောင်းများတွင် အထက်တန်းပညာရေးနှင့်အတူ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ အီလက်ထရောနစ်၊ မော်တော်ယာဉ်၊ သတင်းအချက်အလက်နည်းပညာနှင့် စက်မှုအင်ဂျင်နီယာ နည်းပညာရပ်များကို တွဲဖက်ကာ သင်တန်းကာလ ၃ နှစ်ကြာ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်သည်။အဆိုပါ ၃ နှစ်သင်တန်းကို အောင်မြင်ပြီးဆုံးပါက အခြေခံပညာအထက်တန်းအောင်လက်မှတ် (ဆယ်တန်းအောင်လက်မှတ်) ရရှိမည့်အပြင်၊ မိမိတို့ရရှိသည့် အမှတ်အလိုက် သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်များနှင့် နည်းပညာတက္ကသိုလ်များသို့ အဆင့်မြင့်ပညာရေးအဖြစ် ဆက်လက်တက်ရောက်ခွင့်ရရှိမည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
May 22 • 1:18 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 48 | 0 | 0 | 0 |


