အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံခရီးစဉ်အပြီး ရက်ပိုင်းအကြာတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာမှုကို ပြန်လည်ပြသရန်အတွက် မေလ ၁၉ ရက် အင်္ဂါနေ့တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်း အင်န်ဘီစီသတင်းကို ကိုးကား၍ ဟောင်ကောင်သတင်းများက ဖော်ပြသည်။ ယခုခရီးစဉ်သည် သမ္မတ ပူတင်အတွက် တရုတ်နိုင်ငံသို့ (၂၅) ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့် ရုန်းကန်နေရချိန်တွင် ကာလရှည်မိတ်ဖက် တရုတ်နိုင်ငံနှင့် ယုံကြည်မှုမြှင့်တင်ရန် လာရောက်ခြင်း ဖြစ်သည်။ ရုရှား-တရုတ် ဆက်ဆံရေးသည် မည်သည့်အခါကမှ မရှိခဲ့ဖူးသော အဆင့်အတန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပူတင်က ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့တွင် သမ္မတ ရှီကျင့်ဖျင်က မဟာပြည်သူ့ခန်းမဆောင်ကြီး၌ ကြိုဆိုပွဲအခမ်းအနားဖြင့် လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲနှင့် တရုတ်-ရုရှား ချစ်ကြည်ရေး (၂၅) နှစ်ပြည့် ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
May 20 • 4:51 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


