back

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ

May 20 • 4:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်တို့တွေ့ဆုံ

ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင် တက်ရောက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက...

ဆရာ/ဆရာမ(၃၀)ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင် တက်ရောက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ ယမန်နေ့ မေ ၁၉ ရက်ကတွေ့ဆုံခဲ့ကြသည်။တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှ အင်္ဂလိပ်ဘာသာသင်တန်းဆရာများကို မြန်မာနိုင်ငံ၏ သတ်မှတ်တက္ကသိုလ်များတွင် ရေရှည်ခန့်ထားတာဝန်ပေးအပ်ရေး၊ ဆရာ/ဆရာမ(၃၀) ဦးအား အင်္ဂလိပ်စာကျွမ်းကျင်မှုကာလတိုသင်တန်းများကို အိန္ဒိယတက္ကသိုလ်များတွင်တက်ရောက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ထို့ပြင် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများအတွက် ပညာတော်သင်ဆုများချီးမြှင့်ပေးအပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

21