back

ဧရာဝတီတိုင်းတွင် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း စတင်အကောင်အထည်ဖော်

May 20 • 4:52 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းတွင် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း စတင်အကောင်အထည်ဖော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝဓာတ်ငွေ...

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မီးလင်းဂျိုင်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ စီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို မေ ၁၈ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် MEE LIN GIANG ELECTRIC POWER COMPANY LIMITED မှ လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။တင်ပြချက်တွင် မီးလင်းဂျိုင် ၁၃၉၀ မဂ္ဂါဝပ် LNG နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၏ ဆက်စပ်စီမံကိန်းဖြစ်သည့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်စီမံကိန်း၊ သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပိုက်လိုင်းလမ်းကြောင်းရွေးချယ်အတည်ပြုထားမှုနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

news-view-count-icon

33