back

ရခိုင်ပြည်နယ်အတွင်း ခမီစာပေသင်ကြားပေးမဲ့ ဆရာ၊ ဆရာမ အယောက် ၁၂ဝ သင်တန်းဆင်းသွားပြီဖြစ်

May 19 • 2:28 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်အတွင်း ခမီစာပေသင်ကြားပေးမဲ့ ဆရာ၊ ဆရာမ အယောက် ၁၂ဝ သင်တန်းဆင်းသွားပြီဖြစ်

ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်တဲ့ ခမီလူမျိုးတွေရဲ့စာပေကိုသင်ကြားပို့ချပေးမဲ့ ဆရာ၊ ဆရာမ အယောက် ၁၂ဝ ဟာ ဆရာဖြစ်သင်တန်းပြီးမြောက်သွားပြီဖြစ်လို့ သင်တန်းဆင်းသွားကြပြီ...

ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်တဲ့ ခမီလူမျိုးတွေရဲ့စာပေကိုသင်ကြားပို့ချပေးမဲ့ ဆရာ၊ ဆရာမ အယောက် ၁၂ဝ ဟာ ဆရာဖြစ်သင်တန်းပြီးမြောက်သွားပြီဖြစ်လို့ သင်တန်းဆင်းသွားကြပြီလို့ သိရပါတယ်။အဲဒီသင်တန်းမှာ မြောက်ဦးမြို့နယ်က ၁၉ ယောက်၊ ပေါက်တောမြို့နယ်က ၂၇ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်က ၄၁ ယောက်နဲ့ ဘူးသီးတောင်မြို့နယ်က ၃၃ ယောက်၊ စုစုပေါင်း ဆရာ၊ ဆရာမ အယောက် ၁၂ဝ တို့ သင်တန်းပြီးမြောက်ခဲ့ကြတာဖြစ်ပါတယ်။ခမီစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလေကျော်အောင်က "ဒီသင်တန်းတက်ပြီးသူတွေအနေနဲ့ မိမိတို့ရပ်ရွာကိုရောက်ရင် ခမီလူငယ်တွေကို ပညာရေးဌာနက ချမှတ်ထားတဲ့မူတွေအတိုင်း တတ်မြောက်ကျွမ်းကျင်အောင်သင်ကြားပြသပေးဖို့ လိုပါတယ်။ နောက်မျိုးဆက်သစ်လူငယ်တွေ ခမီစာပေအပေါ်စိတ်ဝင်စားအောင် ဆောင်ရွက်ပေးစေလိုပါတယ်”လို့ တိုက်တွန်းပြောဆိုပါတယ်။

news-view-count-icon

46