မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးသည့် မြေပဲ၊ နှမ်း စိုက်ပျိုးသည့် တောင်သူများအတွက် အာမခံဝယ်ယူမည့် သီးနှံစျေးနှုန်းများကို မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းက သတ်မှတ်ပေးထားကြောင်း သိရပါတယ်။အဆိုပါအသင်းအနေဖြင့် လာမည့် သီးနှံပေါ်ရာသီအတွင်း ပစ္စည်းအရည်အသွေး ပေါ်မူတည်ပြီး မြေပဲ အတောင့် တစ်တင်းလျှင် ငွေကျပ် ၄၀,၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၁၃၀,၀၀၀ - ၁၅၀,၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ငွေကျပ် ၁၀၀,၀၀၀ - ၁၂၀,၀၀၀ သတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ်။



