back

ထိုင်းနိုင်ငံ၊ပတ္တရားမှာ ထိုင်းဆယ်ကျော်သက်တစ်ဦးကို ဝိုင်းရိုက်သွားတဲ့ မြန်မာလူငယ်တစ်စုကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

May 19 • 2:27 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ပတ္တရားမှာ ထိုင်းဆယ်ကျော်သက်တစ်ဦးကို ဝိုင်းရိုက်သွားတဲ့ မြန်မာလူငယ်တစ်စုကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

ထိုင်းနိုင်ငံ၊ပတ္တရားမှာ ထိုင်းဆယ်ကျော်သက်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး ဖိနပ်လုယူသွားတဲ့ မြန်မာလူငယ်တစ်စုကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ထိုင်းနိုင်ငံ၊ ခ...

ထိုင်းနိုင်ငံ၊ပတ္တရားမှာ ထိုင်းဆယ်ကျော်သက်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး ဖိနပ်လုယူသွားတဲ့ မြန်မာလူငယ်တစ်စုကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ထိုင်းနိုင်ငံ၊ ချွန်ဘူရီ ၊ ဘန်လမွန်မြို့နယ်၊ ဆူခွန်ဗစ်လမ်းပေါ်ရှိ ဝပ်ချောင်လွန်ဘုရားကျောင်းအနီးမှာ အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦး ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ဖိနပ်တွေကို လုယူကာ တံထွေးနဲ့ပါ ထွေးသွားတဲ့အတွက် အလွန်ပဲ အရှက်ရမိတယ်လို့ ကာယကံရှင်က ပြောပြထားပါတယ်။လက်ရှိမှာတော့ ဘန်လမွန်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီးဖြစ်လို့ ရဲတပ်ဖွဲ့က စီစီတီဗီ (CCTV) မှတ်တမ်းတွေကို စစ်ဆေးကာ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေသလို အသက်မပြည့်သေးတဲ့ နစ်နာသူလူငယ်ကိုလည်း ဆေးစစ်ချက်ယူတာနဲ့ ထပ်မံစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

news-view-count-icon

16