back

မွန်ပြည်နယ်၌ ကွမ်းသီးအနုခူးဆွတ်မှုများ၍ အပင်ရေရှည်တည်တံ့ရန် စိုးရိမ်ရဟု စိုက်ပျိုးရေးကျွမ်းကျင်သူများဆို

May 19 • 2:26 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၌ ကွမ်းသီးအနုခူးဆွတ်မှုများ၍ အပင်ရေရှည်တည်တံ့ရန် စိုးရိမ်ရဟု စိုက်ပျိုးရေးကျွမ်းကျင်သူများဆို

မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင် ကွမ်းပင်များ၏ ကျန်းမာရေးနှင့် အထွက်နှုန်းကို ထိခိုက်လာမည်ကို စိုးရ...

မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင် ကွမ်းပင်များ၏ ကျန်းမာရေးနှင့် အထွက်နှုန်းကို ထိခိုက်လာမည်ကို စိုးရိမ်ရနိုင်ကြောင်း တောင်သူနှင့် စိုက်ပျိုးရေးနည်းစနစ် ကျွမ်းကျင်သူများက ပြောသည်။နေလှန်းအခြောက်ခံရခြင်း၊ ကွမ်းသီးခူးယူရန် လုပ်သားအင်အားများစွာ အသုံးပြုရခြင်းနှင့် မိုးရာသီကာလ ရှည်လျားမှုကြောင့် ကွမ်းသီးများ မခြောက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုများသည့် ကွမ်းသီးခြောက်လုပ်ငန်းအစား ရေးဒေသခံတောင်သူများ ဝယ်လိုအာများသည့် ကွမ်းသီးအနုလုပ်ငန်းကို ၂၀၂၁ ခုနှစ်နောက်ပိုင်း တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာသည်။အသီးနုများကို ခူးဆွတ်မှုများလာသဖြင့် ယခုနှစ်တွင် ကွမ်းသီးနုရာသီတွင် အပင်မှ အသီးထွက်နှုန်းလျော့ကျလာသည့် အခြေအနေများရှိနေသဖြင့် အပင်ကျန်းမားရေးအတွက် သတိပြုရန်လိုအပ်ကြောင်း ရေးမြို့နယ်စိုက်ပျိုးရေးကျွမ်းကျင်သူတစ်ဦးက ဆိုထားသည်။

news-view-count-icon

32