တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း အဇာဘိုင်ဂျန်အမျိုးသားလွှတ်တော်ရှိ အဇာဘိုင်ဂျန်-တရုတ် လွှတ်တော်ဆိုင်ရာ အပြန်အလှန်ဆက်ဆံရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် Soltan Mammadov က ပြောကြားလိုက်သည်။ခွဲထွက်ရေးလှုပ်ရှားမှုများမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာကာ ခွဲထွက်ရေးလှုပ်ရှားမှုပုံစံအားလုံးကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း Mammadov က ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ အလေးထားပြောကြားခဲ့သည်။
May 19 • 1:24 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


