မြန်မာ-ထိုင်း နယ်စပ် ၊ကရင်ပြည်နယ်၊မြဝတီမြို့တွင်းရှိ အဝေးပြေး ကားဂိတ်များအားလုံး မြဝတီမြို့အဝင် အေးသုခ ကျေးရွာရှိ "စိမ်းလဲ့မြိုင်"အဝေးပြေးကားဂိတ်ဝင်းသို့ လာမည့် ဇွန်လ (၁) ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းကြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ညွှန်ကြားထားသည်ဟု သိရသည်။(၂)နှစ် ကျော်ကြာပိတ်ထားခဲ့သော အာရှလမ်းသစ်ပြန်လည်ဖွင့်လှစ်ပြီးနောက် ခရီးသည်ပို့ဆောင်ရေး Expess ကားကြီးအချို့သာ စိမ်းလဲ့မြိုင်ကားဝင်းကြီးမှ စတင်ပြေးဆွဲ နေသော်လည်း ယာဉ်လိုင်းအများစုမှာ မြို့တွင်းမှသာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်နေကြည့်အတွက် လာမည့် ဇွန်လ (၁) ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းကြရမည်ဟု မြဝတီမြို့နယ်၊စည်ပင်သာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ကပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှိ အဝေးပြေးကားဂိတ်များအားလုံး "စိမ်းလဲ့မြိုင်" အဝေးပြေးကားဂိတ်ဝင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်
May 19 • 1:25 AM
မြန်မာ
ကရင်
မျှဝေမည်
| 38 | 0 | 0 | 0 |


