back

တရုတ်-ရုရှား ကုန်စည်ပြပွဲ အများပြည်သူ လာရောက်လည်ပတ်ရန် ဖွင့်လှစ်ခဲ့

May 19 • 1:23 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်-ရုရှား ကုန်စည်ပြပွဲ အများပြည်သူ လာရောက်လည်ပတ်ရန် ဖွင့်လှစ်ခဲ့

တရုတ်နိုင်ငံ၌၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသည် မေ ၁၇ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ရေးနေ့ ကျင်းပခဲ့သည်။ ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ၏ ခ...

တရုတ်နိုင်ငံ၌၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲသည် မေ ၁၇ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ရေးနေ့ ကျင်းပခဲ့သည်။ ၁၀ ကြိမ်မြောက် တရုတ်-ရုရှား ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ “ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု” ဖြစ်ပြီး တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟေးလုံကျန်းပြည်နယ် ပြည်သူ့အစိုးရ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရုရှားနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ အတူတကွကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်ပြပွဲ၏ စုစုပေါင်းဧရိယာမှာ စတုရန်းမီတာ ၅၅,၀၀၀ ကျယ်ဝန်းပြီး နိုင်ငံနှင့် ဒေသ ၄၆ ခုမှ တရုတ်နှင့် နိုင်ငံခြားကုမ္ပဏီလုပ်ငန်းပေါင်း ၁,၅၀၀ ကျော် ပါဝင်ပြသခဲ့သည်။

news-view-count-icon

9