စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာအတွင်း အခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီမှာ နွေနှမ်းဧက တစ်သိန်း စိုက်ပျိုးဖို့လျာထားပြီး လက်ရှိမှာ ဧက ၆ သောင်းကျော် စိုက်ပျိုး ထားတယ်လို့ တိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရပါတယ်။
အခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဌာနဆိုင်ရာတွေကလည်း လိုအပ်တာတွေ ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်က တောင်သူတစ်ယောက်က ပြောပါတယ်။ သဖန်းဆိပ်ရေလှောင် တမံဟာ ကန်ရေပြည့် ရေလှောင်ပမာဏ ၂ ဒသမ ၈ သန်းကျော် ဧကပေ ရှိရာ နှစ်စဉ် ပျမ်းမျှ မိုးစပါး ဧက လေး သိန်းကျော်၊ နွေစပါးဧက နှစ်သိန်းကျော် နဲ့ အခြားသီနှံဧက သုံးသောင်း သုံးထောင်၊ စုစုပေါင်း ဧက ခုနစ်သိန်းခွဲ ကျော် အတွက် စိုက်ပျိုးရေပေးဝေနေပြီး ပျှမ်းမျှ တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ ကျော် ထုတ်လုပ်ပေးနိုင်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ် ရေး နဲ့ လယ်ယာစိုက်ပျိုးရေးအတွက် များစွာ အကျိုးပြုတဲ့ ရေလှောင်တမံ ဖြစ်ပါတယ်။


