မြန်မာနိုင်ငံပြည်တွင်း ဂန့်ဂေါ့မြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင် ရစ်ချက်တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ယနေ့နေ့လည်ပိုင်း ၁၂ နာရီ ၃၁ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်ဖြစ်ပြီး ဟားခါး မြေငလျင်စခန်းကနေ တိုင်းထွာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ပြည်တွင်း၌ ယနေ့ အတွင်း ဒုတိယအကြိမ်မြောက်လှုပ်ခတ်ခဲ့သည့် ငလျင်လည်း ဖြစ်သည်။



