back

ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အထပ်မြင့်အဆောက်အအုံများပါ ခံစားရ

May 18 • 6:53 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အထပ်မြင့်အဆောက်အအုံများပါ ခံစားရ

မေလ ၁၈ ရက် ယနေ့နံနက် မြန်မာစံတော်ချိန် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၏ တောင်ဘက် ၉ မိုင်ခန့်အကွာ (အနက် ၄၀ ကီလိုမီတာ) ကို ဗဟိုပြ...

မေလ ၁၈ ရက် ယနေ့နံနက် မြန်မာစံတော်ချိန် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၏ တောင်ဘက် ၉ မိုင်ခန့်အကွာ (အနက် ၄၀ ကီလိုမီတာ) ကို ဗဟိုပြု၍ ပမာဏ ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ၊ အဆိုပါငလျင်ဒဏ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သူများပါ ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့လယ်ရှိ ရုံးတာဝါများနှင့် ကွန်ဒိုမီနီယံအဆောက်အအုံအချို့ ယိမ်းခါသွားခဲ့သဖြင့် လူများကို ဘေးလွတ်ရာသို့ ခေတ္တရွှေ့ပြောင်းပေးခဲ့ရသော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလည်း မန္တလေးမြို့အနီး စစ်ကိုင်းပြတ်ရွေ့ကြောတွင် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ဖူးပြီး၊ ၎င်းငလျင်သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ ချက်တူချက်မြို့နယ်ရှိ ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျကာ မြန်မာအလုပ်သမား ၂၇ ဦးအပါအဝင် စုစုပေါင်း အလုပ်သမား ၈၉ ဦး သေဆုံးခဲ့ဖူးကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

news-view-count-icon

27