back

ဆော်ဒီအာရေဗျနိုင်ငံတွင် ၂၀၂၆ ခုနှစ် Eid Al Adha ပွဲတော်ရက်များကို သတ်မှတ်ရန် Dhul Hijjah လဆန်းရက်ကို စတင်စောင့်ကြည့်

May 18 • 6:52 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ဆော်ဒီအာရေဗျနိုင်ငံတွင် ၂၀၂၆ ခုနှစ် Eid Al Adha ပွဲတော်ရက်များကို သတ်မှတ်ရန် Dhul Hijjah လဆန်းရက်ကို စတင်စောင့်ကြည့်

ဆော်ဒီအာရေဗျနိုင်ငံ အထက်တန်းတရားရုံး (Supreme Court) က နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော ဟာ့ဂ်ျ (Hajj) ဘုရားဖူးခရီးစဉ်နှင့်...

ဆော်ဒီအာရေဗျနိုင်ငံ အထက်တန်းတရားရုံး (Supreme Court) က နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော ဟာ့ဂ်ျ (Hajj) ဘုရားဖူးခရီးစဉ်နှင့် အီးဒ်ပွဲတော် (Eid Al Adha) ကျင်းပမည့် ရက်စွဲများကို အတည်ပြုသတ်မှတ်နိုင်ရန်အတွက် Dhul Hijjah လ၏ လဆန်းရက်(Crescent Moon) ကို ၂၀၂၆ ခုနှစ် မေလ ၁၇ ရက် (တနင်္ဂနွေနေ့) နေဝင်ချိန်တွင် စတင်စောင့်ကြည့်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပြီး နက္ခတ္တဗေဒပညာရှင်များ၏ တွက်ချက်မှုများအရ အကယ်၍ မေလ ၁၇ ရက်ညတွင် လဆန်းခြမ်းကို မြင်တွေ့ရပါက အစ္စလာမ်ပြက္ခဒိန်၏ နောက်ဆုံးလဖြစ်သော Dhul Hijjah လသည် မေလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ကာ အာရဖတ်နေ့ (Arafat Day) မှာ မေလ ၂၆ ရက်နှင့် Eid Al Adha ပွဲတော် ပထမနေ့မှာ မေလ ၂၇ ရက်နေ့သို့ ကျရောက်မည်ဖြစ်ကြောင်း သိရကာ အကယ်၍ လဆန်းကို မမြင်တွေ့ရပါက လက်ရှိ Dhul Hijjah လဆန်းရက်မှာ တစ်ရက်နောက်ဆုတ်သွားမည်ဖြစ်ပြီး Sudair နှင့် Tumair အလင်းမျှော်စင် လေ့လာရေးစခန်းများအပါအဝင် ပြည်သူများ၏ လေ့လာတွေ့ရှိချက် သက်သေခံချက်များအပေါ် မူတည်၍ တရားဝင်ရက်စွဲကို ယနေ့ညတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

22