back

မွန်ပြည်နယ်တွင် တည်ရှိသော ဘီးလူးကျွန်းရှိ အပန်းဖြေစရာ သဘာဝအလှ နှီးမုတ်ရေတံခွန်

May 17 • 6:52 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် တည်ရှိသော ဘီးလူးကျွန်းရှိ အပန်းဖြေစရာ သဘာဝအလှ နှီးမုတ်ရေတံခွန်

မွန်ပြည်နယ်တွင် တည်ရှိသော ရေတံခွန်များအနက် သဘာဝအတိုင်း အရိုင်းဆန်ဆန် လှပနေဆဲဖြစ်သည့် “နှီးမုတ်ရေတံခွန်” အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။ အဆိုပါရေတံခွန်သည် မွန်ပ...

မွန်ပြည်နယ်တွင် တည်ရှိသော ရေတံခွန်များအနက် သဘာဝအတိုင်း အရိုင်းဆန်ဆန် လှပနေဆဲဖြစ်သည့် “နှီးမုတ်ရေတံခွန်” အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။ အဆိုပါရေတံခွန်သည် မွန်ပြည်နယ်၊ ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ကလော့နှီးမုတ်ကျေးရွာတွင် တည်ရှိပြီး သဘာဝတောတောင်အလှအပများနှင့်အတူ အေးချမ်းစွာ အနားယူနိုင်သည့် နေရာတစ်ခု ဖြစ်သည်။ရေတံခွန်သို့ လာရောက်လည်ပတ်သူများသည် တောင်ပေါ်မှ ရေကျဆင်းလာသည့် နေရာများတစ်လျှောက် တက်ရောက်ကာ (ကျောက်သားများကို သတိထား၍) စိတ်ကြိုက်ရေကစားနိုင်သကဲ့သို့၊ ဓာတ်ပုံရိုက်ကူးရန်လည်း အလွန်လှပသော နေရာတစ်ခုဖြစ်သည်။ ထို့ပြင် ရေတံခွန်အောက်ခြေတွင်လည်း အေးဆေးစွာ ရေစိမ်ဆော့ကစားနိုင်မည့် ရေကန်ငယ်လေးတစ်ခု ရှိသည်။ နှီးမုတ်ရေတံခွန်သည် နာမည်ကြီး ဇင်းကျိုက်ရေတံခွန်နှင့် နှိုင်းယှဉ်ပါက ရေကျဆင်းမှု ပမာဏနည်းပါးသော်လည်း၊ ဆူညံမှုမရှိဘဲ သီးသန့်ဆန်ဆန် အေးအေးဆေးဆေး အပန်းဖြေချင်သူများအတွက်မူ အလွန်သင့်တော်ပါသည်။ ထို့ကြောင့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် စိတ်အပန်းဖြေဖို့ နေရာရှာဖွေနေသူများအနေဖြင့် သဘာဝအလှတရားများကြား စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန် သွားရောက်လည်ပတ်သင့်သည့် ရေတံခွန်လေးတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

41