မန်ယူနိုက်တက်အသင်းသည် ယာယီနည်းပြအဖြစ်မှ ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်ခဲ့သည့် မိုက်ကယ်ကာရစ် (Michael Carrick) ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်သဘောတူညီမှု ရရှိထားပြီးဖြစ်၍ ယနေ့တွင် တရားဝင်ထုတ်ပြန် ကြေညာဖွယ်ရှိနေသည်။ မန်ယူနိုက်တက်အသင်းသည် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်ကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ၊ အဆိုပါပွဲစဉ်မတိုင်မီ သို့မဟုတ် ပွဲအပြီးတွင် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ကြေညာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ မန်ယူနိုက်တက်သည် ကာရစ်ကို သက်တမ်းတိုးခွင့် ၁ နှစ် အပါအဝင် ၂ နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားပြီး၊ ကာရစ်လက်ထက်တွင် အသင်း၏ရလဒ်များ ပြန်လည်ကောင်းမွန်လာကာ ချန်ပီယံလိဂ်ဝင်ခွင့် (Top 4) ကိုပါ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
May 17 • 6:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 39 | 0 | 0 | 0 |


