ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မေလ ၁၆ ရက်နေ့က လမ်းပိတ်ဆို့မှုကြောင့် ရထားလမ်းပေါ်တွင် ပိတ်မိနေသည့် ဘတ်စ်ကားတစ်စီးကို ရထားက ဝင်ရောက်တိုက်မိခဲ့သဖြင့် ခရီးသည် ၈ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဘန်ကောက်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (BMTA) ညွှန်ကြားရေးမှူး ကစ်တီကန် (Kittikan) ၏ ပြောကြားချက်အရ အဆိုပါဘတ်စ်ကားသည် မီးပွိုင့်နှင့် လမ်းပိတ်ဆို့မှုကြောင့် ရှေ့တိုးနောက်ဆုတ်လုပ်မရဘဲ ရထားလမ်းကြောင်းပေါ် ခွလျက်သား ပိတ်မိနေစဉ် ရထားဝင်တိုက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး၊ မော်တော်ကားမီးလောင်မှုအပြင် အနီးနားရှိ အခြားယာဉ်အချို့ပါ ပျက်စီးခဲ့ရသည်။ယခုဖြစ်ရပ်တွင် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် အာမခံစနစ်အရ ကနဦးလျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၁.၅ သန်းအထိ ရရှိမည်ဖြစ်ပြီး၊ BMTA ဘက်ကလည်း တစ်ဦးလျှင် ဘတ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ အပိုဆောင်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ဒဏ်ရာရရှိသူများအတွက်မူ ဆေးဝါးကုသစရိတ်ကုန်ကျမှုအပေါ် မူတည်၍ လျော်ကြေးငွေ ပြန်လည်သုံးသပ် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရထားလမ်းဆုံများတွင် ယာဉ်များပိတ်မိတတ်သည့် အန္တရာယ်ရှိသော အခြေအနေများနှင့် ပတ်သက်၍ အာဏာပိုင်များ၏ ကိုင်တွယ်ဖြေရှင်းမည့်အပေါ် ပြည်သူများအကြား ဝေဖန်စိုးရိမ်မှုများ မြင့်တက်လျက်ရှိပါသည်။
ဘန်ကောက်တွင် ရထားနှင့် ဘတ်စ်ကား တိုက်မိ၍ သေဆုံးသူများအတွက် နစ်နာကြေး တစ်ဦးလျှင် ဘတ် ၁.၅ သန်းအထိ ပေးအပ်မည်
May 17 • 6:55 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


