back

တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” ပင်လယ်၌ စမ်းသပ်ပြေးဆွဲ

May 17 • 1:57 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” ပင်လယ်၌ စမ်းသပ်ပြေးဆွဲ

တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” သည် တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ...

တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” သည် တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ဝိုက်ကောင်းချောင် သင်္ဘောကျင်း အမှတ် ၅ ဆိပ်ကမ်းမှ မေ ၁၆ ရက်က ထွက်ခွာမောင်းနှင်လာခဲ့ပြီး ၁၂ ရက်ကြာ ပင်လယ်ပြင်စမ်းသပ်ပြေးဆွဲမှုကို စတင်ခဲ့သည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း ၉၃၇ ဦးပါဝင်သော အင်ဂျင်နီယာနှင့် နည်းပညာအဖွဲ့သည် ယခုအကြိမ်စမ်းသပ်ပြေးဆွဲမှုတွင် ပါဝင်ခဲ့သည်။ “Adora Flora City” သည် စုစုပေါင်း ၃၄၁ မီတာရှည်လျားကာ စုစုပေါင်းတန်ချိန် ၁၄၁,၉၀၀ ရှိပြီး အခန်းနှင့် အခန်းတွဲ ၂,၁၃၀ ခန်းပါရှိရာ လူအပြည့်တင်ဆောင်လျှင် ဧည့်သည် ၅,၂၃၂ ဦး တင်ဆောင်နိုင်သည်။ အဆိုပါသင်္ဘောကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် လွှဲပြောင်းပေအပ်မှု ပြီးစီးရန် စီစဉ်ထားပြီး တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ နန်ရှား အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘော ပင်မဆိပ်ကမ်းမှ ပထမဆုံး သင်္ဘောလိုင်းပြေးဆွဲရာသီကို စတင်မည်ဖြစ်သည်။

news-view-count-icon

17