မြန်မာနိုင်ငံ၊ရန်ကုန်ရှိ Kings Rich Fashion စက်ရုံ၌ နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်တွေက အထည်အမှာစာတွေ ရပ်ဆိုင်းသွားတာ၊ ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာတာတွေကြောင့် လာမယ့် ဇွန်လကုန်မှာ အပြီးပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။Wuhan Kingsrich Garment Co., Ltd ဟာ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်အမှတ်တံဆိပ်တွေအတွက် အမျိုးမျိုးသော အဝတ်အထည်တွေကို ထုတ်လုပ်တင်ပို့နေတဲ့ တရုတ်နိုင်ငံအခြေစိုက် ထိပ်တန်းအထည်ချုပ် ကုမ္ပဏီကြီးတခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီးနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၂)၊ ရေပြာလမ်းမှာ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံကို တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။Kings Rich Fashion အနေနဲ့ စက်ရုံပိတ်သိမ်းဖို့အတွက် မေ ၁၃ ရက်နေ့မှစကာ နှိုးဆော်စာ (Notice) ကပ်ပြီး အလုပ်သမားတွေကို တလကြိုတင် အသိပေးထားတာဖြစ်ပြီး လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ အသိပေးထားပါတယ်။
ရန်ကုန်ရှိ Wuhan Kingsrich Garment ကုမ္ပဏီ ကမ္ဘာကျော်အမှတ်တံဆိပ်များ၏ အထည်အမှာစာတွေ ရပ်ဆိုင်းသွားလို့ အပြီးပိတ်တော့မည်ဖြစ်
May 17 • 1:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 51 | 0 | 0 | 0 |


