တရုတ်နိုင်ငံသို့ ဆေးရှဲလ်စ်နိုင်ငံ နိုင်ငံခြားရေးနှင့် ပြည်ပရောက်နိုင်ငံသားများရေးရာ ဝန်ကြီး Barry Faure က မေ ၁၈ ရက်မှ ၁၉ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းတွင် မေ ၁၆ ရက်၌ ကြေညာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ Faure က အဆိုပါခရီးစဉ်ကို လာရောက်မည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
May 17 • 1:56 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


