back

မိုးဆက်တိုက်ရွာသွန်းသောကြောင့် အင်းလေးကန် ရေကြီးရေလျှံမှုများဖြစ်ပြီး စိုက်ခင်းများ ရေနစ်မြုပ် ပျက်ဆီးမှုရှိနေ

May 13 • 2:02 PM

breaking-news

မြန်မာ

ရှမ်း

cover

မိုးဆက်တိုက်ရွာသွန်းသောကြောင့် အင်းလေးကန် ရေကြီးရေလျှံမှုများဖြစ်ပြီး စိုက်ခင်းများ ရေနစ်မြုပ် ပျက်ဆီးမှုရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်း...

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပြီး စိုက်ခင်းများပျက်ဆီးခြင်းများရှိနေသည်။ထို့ပြင် လမ်းပန်းဆက်သွယ်ရေးတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နေပြီး ယခင်က ဆိုင်ကယ်ဖြင့် သွားလာ၍ရသော လမ်းပိုင်းများမှာ ရေကျော်နေသည့်အပြင် ရေစီးသန်မှုကြောင့် သဲအိတ်များဖြင့် ကာရံထားသော်လည်း ရေတိုက်စားကာ ပေါက်ထွက်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်းလေးကန်အတွင်းရှိ စိုက်ခင်းများမှာ ရေနစ်မြုပ်မှုများကြောင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အဓိကအားထားရသည့် မြေပဲခင်းများမှာလည်း ရေအောက်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် အခက်အခဲကြုံတွေ့နေရသည်။





news-view-count-icon

28