back

စည်ပင်၏ ဖိအားပေးမှုကြောင့် BOT စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ဖိုးလမင်းမိုးကုမ္ပဏီ နစ်နာနေဟုဆို

May 13 • 2:01 PM

breaking-news

မြန်မာ

ရှမ်း

cover

စည်ပင်၏ ဖိအားပေးမှုကြောင့် BOT စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ဖိုးလမင်းမိုးကုမ္ပဏီ နစ်နာနေဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရှိ ဖိုးလမင်းမိုး ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်မှစတင်၍ အေးသာယာ (၁၂) ရပ်ကွက်နှင့် ရွှေညောင် (၁၁) ရပ်ကွက်တို့တွင် နှစ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရှိ ဖိုးလမင်းမိုး ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်မှစတင်၍ အေးသာယာ (၁၂) ရပ်ကွက်နှင့် ရွှေညောင် (၁၁) ရပ်ကွက်တို့တွင် နှစ် (၃၀) သက်တမ်းရှိ BOT စာချုပ်ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သော်လည်း စည်ပင်သာယာရေးဌာနဘက်မှ စက်ယန္တရား အင်အားနည်းပါးသည်ဟူသော အကြောင်းပြချက်ဖြင့် ၂၀၂၅ ခုနှစ်၊ မေလကုန်တွင် လုပ်ငန်းရပ်စဲရန် တစ်ဖက်သတ် ဖိအားပေးခဲ့သည်။ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သော်လည်း စည်ပင်ဌာနသည် ကုမ္ပဏီဘက်မှ (၄) ကြိမ်တိုင်တိုင် တင်ပြတောင်းဆိုခဲ့သည့် အခွန်နှုန်းထား ပြင်ဆင်မှုကို ခွင့်မပြုခဲ့ကြောင်းသိရသည်။လက်ရှိတွင် RC တိုက်အိမ်တစ်လုံးလျှင် အမှိုက်ခွန် (၃၀၀၀) ကျပ်သာ သတ်မှတ်ထားသဖြင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေသည့်အပြင်၊ အိမ်ခြေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းခန့်သာ အခွန်ကောက်ခံရရှိနေခြင်း ဖြစ်သည်။အေးသာယာတွင် အိမ်ခြေ ၁၂,၀၀၀ ကျော်နှင့် ရွှေညောင်တွင် ၇,၀၀၀ ကျော်ရှိရာ ကုမ္ပဏီ၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ခြင်းသည် မြို့ပြသန့်ရှင်းရေးကို ထိခိုက်စေနိုင်ကြောင်း ဌာနဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် ညှိနှိုင်းပေးမှု အားနည်းခြင်းကြောင့် ကုမ္ပဏီမှာ ပြည်သူလူထုနှင့် တိုက်ရိုက်ရင်ဆိုင်နေရပြီး အခွန်ကောက်ခံမှုတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။




news-view-count-icon

24