back

မြစ်ကြီးနားတွင် အုပ်စုဖွဲ့ဆိုင်ကယ်လုသူများထဲမှတစ်ဦးကို ရပ်ကွက်နေသူများဖမ်းမိ၊ နှစ်ဦးလွတ်မြောက်နေ

May 13 • 2:47 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားတွင် အုပ်စုဖွဲ့ဆိုင်ကယ်လုသူများထဲမှတစ်ဦးကို ရပ်ကွက်နေသူများဖမ်းမိ၊ နှစ်ဦးလွတ်မြောက်နေ

အုပ်စုဖွဲ့ဓားကိုင်ဆိုင်ကယ်လုယက်သူ သုံးဦးထဲမှတစ်ဦးကို မြစ်ကြီးနားမြို့ခံများက ယမန်နေ့ည ၁၁ နာရီခန့်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ မြို့သစ်ကြီးရပ်ကွက်ရှိ Top စက်သုံ...

အုပ်စုဖွဲ့ဓားကိုင်ဆိုင်ကယ်လုယက်သူ သုံးဦးထဲမှတစ်ဦးကို မြစ်ကြီးနားမြို့ခံများက ယမန်နေ့ည ၁၁ နာရီခန့်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ မြို့သစ်ကြီးရပ်ကွက်ရှိ Top စက်သုံးဆီဆိုင်အနီးတွင် အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်လုယက်နေသူများကို လမ်းသွားလမ်းလာနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ယခုရက်ပိုင်းတွင် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်သူများက ဘက်ထရီဆိုင်ကယ်များကို ပစ်မှတ်ထားလုယက်နေကြောင်း ဒေသခံများထံမှသိရသည်။ လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လိုက်လံလုယက်နေခြင်းဖြစ်ပြီး နေ့စဉ်ဖြစ်ပွားနေသောကြောင့် အာဏာပိုင်များကို အားကိုးမရအခြေအနေဖြစ်နေသဖြင့် မိမိကိုယ်ကိုယ်ခုခံကာကွယ်နေရသည့်အခြေအနေဖြစ်နေသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။





news-view-count-icon

27