back

ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း ချာကာ ပြောကြား

May 12 • 3:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း ချာကာ ပြောကြား

ဆန်းဒါးလန်းအသင်းခေါင်းဆောင် ချာကာက ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း မန်ယူနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ဆန်းဒါးလန်းအသင်...

ဆန်းဒါးလန်းအသင်းခေါင်းဆောင် ချာကာက ဥရောပဝင်ခွင့်အတွက် စဉ်းစားခြင်းမရှိဘဲ တစ်ပွဲချင်းသာ အာရုံစိုက်ထားကြောင်း မန်ယူနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ဆန်းဒါးလန်းအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ မန်ယူအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပါတယ်။ဒါပေမဲ့ ချာကာက လက်ရှိအခြေအနေက အသင်းအတွက် ကျေနပ်စရာကောင်းကြောင်းနဲ့ ဥရောပဝင်ခွင့်ရဖို့ ပစ်မှတ်မထားခဲ့ကြောင်း ပြောကြားခဲ့တာပါ။ချာကာက အသင်းဟောင်း အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိစေလိုကြောင်းနဲ့ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ရင် အောင်ပွဲခံသွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

news-view-count-icon

38