back

တနင်္သာရီတိုင်း၌ရေခူတစ်ပိဿာ ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်

May 12 • 2:49 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၌ရေခူတစ်ပိဿာ ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်

တနင်္သာရီတိုင်း၌ ရေခူဆားနယ်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်နေကြောင်း မြိတ်ကျွန်းစု‌နေ ပင်လယ် ရေလုပ်သားများနှင့် ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်နေသူအချိ...

တနင်္သာရီတိုင်း၌ ရေခူဆားနယ်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်နေကြောင်း မြိတ်ကျွန်းစု‌နေ ပင်လယ် ရေလုပ်သားများနှင့် ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောသည်။ယမန်နှစ်က ရေခူဆားနယ်တစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ဝန်းကျင်ဈေးရှိရာက လက်ရှိတွင် ပျမ်းမျှ နှစ်သောင်း သုံးထောင်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။ယခုနှစ်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်က အဝယ်လိုက်နေသည့်အတွက် ယင်းကဲ့သို့ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောဆိုသည်။

news-view-count-icon

25